CPA (Cost Per Action) (ခေါ်) PPS (Pay Per Sale) (ခေါ်) CPS (Cost Per Sale) ဆိုတာ ကြော်ငြာထည့်သွင်းသူ (advertiser) များက website တည်ထောင်သူ (publisher) များသို့ ကြော်ငြာများမှ တစ်ဆင့် user များက action တစ်ခုပြုလုပ်တိုင်း (per-action) တွင် အကျိုးအမြတ် commission ပေးခြင်းဖြစ်သည်။ ထို action များမှာ user များ e-commerce site များတွင် ဈေးဝယ်ခြင်း၊ member register ပြုလုပ်ခြင်း၊ newsletter signup ပြုလုပ်ခြင်းများ ဖြစ်နိုင်ပါသည်။
Site တည်ထောင်သူများမှာ ကြော်ငြာထည့်သွင်းရုံ၊ ထိုကြော်ငြာများသို့ user များ click နှိပ်ရုံဖြင့် ပိုက်ဆံရမည် မဟုတ်ပါ။ ထိုကြော်ငြာများမှ တစ်ဆင့် ကြော်ငြာထည့်သွင်းသူ လုပ်စေချင်သော action တစ်ခုကို user များလုပ်မှသာ site တည်ထောင်သူ အနေဖြင့် အကျိုးအမြတ်ရရှိမည်ဖြစ်သည်။ ဤ Ad model တွင် ကြော်ငြာထည့်သွင်းသူ (advertiser) အား Merchant ဟုခေါ်ဆိုနိုင်ပြီး website တည်ထောင်သူ (publisher) အား Affiliate ဟုခေါ်ဆိုနိုင်ပါသည်။ ဤ Ad model အား Performance-based Marketing ဖြစ်သော Affiliate Marketing ဟုလည်း ခေါ်ဆိုနိုင်ပါသည်။
ကြော်ငြာထည့်သွင်းသူများက CPC ကဲ့သို့ ကြော်ငြာအမျိုးအစား၊ ကြော်ငြာပုံစံများ ရွေးချယ်ပြီးလျှင် Commission ကို Percentage ( သို့ ) Fixed commission rate သတ်မှတ်ရန် လိုအပ်ပါသည်။
Website တည်ထောင်သူများက မည်သည့် CPA program ထည့်သွင်းမည်ကို ရွေးချယ်ပြီး join ရန်လိုအပ်သည်။ CPA ကြော်ငြာများသည် CPC ကဲ့သို့ အလိုအလျှောက် site ပေါ်တွင် ပေါ်လာမည်မဟုတ်ပါ။
Website တည်ထောင်သူမှ CPA တစ်ခုကို join ပြီဆိုလျှင် ထို CPA ပိုင်ရှင်ဖြစ်သော ကြော်ငြာထည့်သွင်းသူမှ လက်ခံရန်လိုအပ်သည်။ ကြော်ငြာထည့်သွင်းသူ လက်ခံမှသာ ထို CPA ကြော်ငြာသည် website တည်ထောင်သူမှ သူ၏ site တွင် ထည့်သွင်းနိုင်မည်ဖြစ်သည်။
ထို့ကြောင့် CPA သည် website တည်ထောင်သူမှ သူ၏စိတ်ကြိုက်ကြော်ငြာရှင်ကို ရွေးချယ်နိုင်သလို ကြော်ငြာရှင်မှလည်း သူ၏စိတ်ကြိုက် website ကိုပြန်လည်ရွေးချယ်နိုင်ပါသည်။